Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds -->
Showing posts with label ပင်မစာမျက်နှာ. Show all posts
Showing posts with label ပင်မစာမျက်နှာ. Show all posts

Sep 30, 2011

သေမင်းအောင်စေ..အသိတရားလေ......

ဘဝချိန်တို၊ နေမညိုမီ
အခါမလပ်၊ အသိကပ်
မြင်အောင်ငေးလှဲ့ ထင်နေတယ်...
ှလုံးမွေ့လျော်၊ သိစိတ်ဖော်တော့ 
လူဖြစ်တော်စွ၊ တခဏတာပင်
လေပြင်းတိုက်..မုန်တိုင်းထင်
တွေ့ ကာလေမှ..မစိုးထိတ်နှင့် 
အချိန်သည်ကားအချိန်ပင်ဖြစ်၏
မီးစွဲလောင်မှ၊ ရေကို တသော်
မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍
မဂ္ဂင်သန္ဓေ၊ တည်နေမြဲအောင်
မသေခင်က၊ ပြင်ဆင်တောက်လျှောက်
မေ့မပျောက်နဲ့...အသိသွင်းနေကွယ်...။
ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်
အပြီးမုချ၊ မဂ္ဂင်ရလိမ့်။
ဘယ်ကာမမေ့...မျက်ဝန်းအဖွင့် မှာ
ငါသည်ကား..ငါသည်ကား..
လိုနေတာတွေဖြည့် ...
ခံယူမလွဲ၊ ဧကန်မှန်ပေတော့ ကား
လမ်းမှန်သည်ပင်ဆူးပင်ဖြစ်၏
                         အမေ့သားနေလင်းဖြိုး
ကဗျာ

Sep 25, 2011

အမေ့အတွက်ရင်တွင်းမှကွဲအပ်သံ....

အမေ
လွမ်းနေရရုံပဲ တတ်နိုင်ခဲ့သူပါ
ကန့်သတ်ချုပ်နှောင်မှုတွေကြား
အချိန်ဆိုတဲ့ စည်းကြီးတားထားလို့
နေချင်ခဲ့ တဲ့အဖေ့ အနား..။။
စိတ်ကူးယဉ်နေရရုံပဲ တတ်နိုင်ခဲ့သူပါ
နေရာဒေသကွဲလွဲမှုတွေကြား
ပင်လယ်ဆိုတဲ့ စည်းကြီးခြားထားလို့
သားပျော်ရွှင်ခဲ့ ပါပြီအမေ့အနား....။။
လောကဟင်းလင်ပြင်အထဲ
ရေလိုက်ငါးလိုက်နေရအောင်
ဘဝဆိုတာ စမ်းချောင်းငယ်မဟုတ်မှန်း
သား ခန့်မှန်းနိုင်ပါတယ်အမေ
လေထန်လှိုင်းကြမ်းအရှိန်ပြင်းလှ
ပင်လယ်ရိုင်းကြီးမှာအမေနဲ့ခွဲပြီး
သား… မနစ်မွန်းပါဘူး..ယုံကြည်ပါနော်..။
အောင်မြင်မှုတွေကြားတွေထဲ
မမိန်းမောတဲ့ အမေ့သားပေါ့ 
အပြုံးမပျက်..မာန်တစ်ဝင်းဝင်းနဲ့ 
ခုချိန်ထိ ရုန်းကန်လှုပ်ရှားဆဲ
စိတ်ချထားလိုက်ပါ အမေရယ်….
ရင်ထဲကခံယူချက်တွေအတွက်
အသွေးအသားတွေ ရုန်းကြွနေသရွှေ့
ဒုက္ခဆိုတာ ထည်လဲတွေ့စေဦး
သွေးမနည်းတက်တဲ့အမေ့သား
ဒီလောကကြီးထဲအလဲထိုးကြစေအုံး
ဘယ်တော့မှ ကျရှုံးမသွားစေရဘူး
စိတ်ချပါအမေရယ်..အပြုံးမပျယ်
အမေ့ထာဝရဒီ့ ထက်မကပြုံးနှိုင်စေဖို့
အားမန်တွေသွင်း..ဒီစာလေးတွေသီရင်း
မနက်ဖြန်တွေကိုအားမွေးချင်ရဲ့ နော်အမေ.....။။
              ခင်မင်လေးစားစွာဖြင့် အမေ့သားနေလင်းဖြိုး
ကဗျာ