Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds -->
ပင်မစာမျက်နှာ
ရွှေတိဂုံစေတီတော်ပုံ ကောင်းကင်တွင် အရိပ်ထင်
သူငယ်ချင်းတွေအားလုံး မင်္ဂလာပါနော် ကျနော်အခု တင်ပြချင်တာကတော့ တစ်ခြားဆိုဒ်တစ်ခုမှာ သူငယ်ချင်း တစ်ယောက်တင်ထားတဲ့ ထူးခြားမှုလေးပါဗျာ ၁၃၇၃ ခုနှစ် ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့က ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ကနေ ဖူးတွေ့ရတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ပုံတူအရိပ်တော်ဟာ အောက်ပါအတိုင်း ကောင်းကင်မှာ ထူးခြားစွာ တွေ့မြင်ရတာလေးပါနော်
ဒီပုံကတော့  ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့်အတိမ်းမှတ် ပူဇော်ပွဲ ဆိုတာကို ဆိုင်းဘုတ်စာတန်းမှာ မြင်နိုင်ပါတယ်။
         ဒီပုံကတော့ တော်တော်ကိုထူးခြားပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ည(၈)နာရီ လောက်က ကောင်းကင်ပေါ်မှာ  ရွှေတိဂုံ စေတီအရိပ် ထင်နေတုန်းဓါတ်ပုံ ရိုက်လို့ရခဲ့တာပါ။ အဲဒိချိန် ဘုရားပေါ်ရောက်နေတဲ့ သူတွေ အလုယက်ပူဇော်ကြ ဓာတ်ပုံရိုက်ကြနဲ့  ခဏပါပဲ ပြီးတော့မပေါ်တော့ပါဘူး။ ကျွန်တော်ဖူးမြော်ရသလို ညီကိုမောင်နှမတွေ ဖူးမြော်ရအောင် တင်ပေးလိုက်ပါတယ်။ ဘယ်လို ဖန်တီးမှု့မျိုးမှ မပါပါဘူး။ အဲဒီအချိန် ဘုရားရင်ပြင်တော်ပေါ်မှာ ရှိနေတဲ့ သူတွေလဲ ဒီဖြစ်စဉ်ကို မြင်တွေ့ကြမှာပါ။
  ညီကိုမောင်နှမတွေအတွက် ဒီပုံတော်တွေကိုပဲ ဦးဦးဖျားဖျားတင်ပေးလိုက်ပါတယ်။
 ကျွန်တော့် သူငယ်ချင်းညီကိုမောင်နှမတွေအားလုံးနဲ့ လောကသက်ရှိအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ငြိမ်းအေးချမ်းသာရှိကြပါစေ။ မိသားစုတွေ မခွဲမခွာနဲ့ အပူပင်သောက ကင်းဝေးကြပါစေနော်ဗျ..ထိုသူကား..........
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒီပုံတွေကိုတစ်ချိန်ကရေးဆွဲခဲ့ မိတယ်ဘ၀အတွက်အမှတ်တရပေါ့ 
အလွမ်းတွေနှင့်ပုံတွေတော့ရှိနေပါသေးတယ်နောက်တော့တင်ပေးပါမယ်နော်......