Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds -->
Showing posts with label သတင်းပဒေသာ. Show all posts
Showing posts with label သတင်းပဒေသာ. Show all posts
Oct 22, 2011
လေ့လာချင်သူများအတွက်ရွှေတိဂုံစေတီတော်ပုံ ကောင်းကင်တွင် အရိပ်ထင်
ရွှေတိဂုံစေတီတော်ပုံ ကောင်းကင်တွင် အရိပ်ထင်
သူငယ်ချင်းတွေအားလုံး မင်္ဂလာပါနော် ကျနော်အခု တင်ပြချင်တာကတော့ တစ်ခြားဆိုဒ်တစ်ခုမှာ သူငယ်ချင်း တစ်ယောက်တင်ထားတဲ့ ထူးခြားမှုလေးပါဗျာ ၁၃၇၃ ခုနှစ် ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့က ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ကနေ ဖူးတွေ့ရတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ပုံတူအရိပ်တော်ဟာ အောက်ပါအတိုင်း ကောင်းကင်မှာ ထူးခြားစွာ တွေ့မြင်ရတာလေးပါနော်
ဒီပုံကတော့  ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့်အတိမ်းမှတ် ပူဇော်ပွဲ ဆိုတာကို
Sep 29, 2011
ဟက်ကာတွေကို အလွယ်ကူဆုံး ခြေရာခံနည်း
ဟက်ကာတွေကို အလွယ်ကူဆုံး ခြေရာခံနည်း
မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ဝင်ရောက်နေမှု ရှိမရှိ အလွယ်တကူရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို အိုင်တီ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲဖြစ်ဖြစ် ဝင်ရောက် နေပြီဆိုရင် စက်ဟာ နှေးကွေးလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ဝင်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။ အများဆုံး အသုံးပြုတာက Transmissinon Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။ ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေ က သုညကနေ 1023 အတွင်းမျာ ရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။
ဒါကိုဖော်ထုတ်နိုင်ဖို့ ဝင်းဒိုးမှာ အလိုအလျောက် ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကို နှိပ်ပါ။ Run box လေးပေါ်လာပါလိမ့်မယ်။ CMD လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။
အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat-a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။ စာတန်း အရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။ ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် lP တစ်ခုကို ထွက်နေတာတွေ့ရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေ အကုန် ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေ ထွက်နေတာ ဖြစ်ပါတယ်။ Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat-an လို့ ရိုက်ထည့်ပြီး ကြည့်ပါ။
မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက် နေသလားသိချင်ရင် Netstat-bn လို့ Command Prompt မှာရိုက်ထည့်ပြီး သုံးကြည့်ပါ။ အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် lP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေ တစ်ဆင့် ဝင်နေထွက်နေ သလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
ကိုအာကာ..ဘလော့လေးဖြစ်ပါသည်...မသိသေးသူတွေအတွက်ဖော်ပြပေးပါသည်......
Sep 25, 2011
X Rays မျက်လုံးများနှင့်မိန်းကလေး
အမှတ်တမဲ့ သူမ မျက်လုံးဖြူဖြူကြီးတွေကိုကြည့်မိရင် သွေးလန့်သွားစရာပါပဲ ။ လှပချောမောတဲ့ သက်ကျော် သက်ကလေးဟာ အဖြူရောင်မျက်လုံးများကို ပိုင်ဆိုင်ပြီး X Rays ကဲ့သို့ အလုံပိတ် အရာများ နဲ့ ကျောက် တုံးတွေ တွေကို ထိုးဖောက်မြင်နိုင်စွမ်းရှိပါတယ် ။ အသက် ၁၄ နှစ်ရှိပြီဖြစ်တဲ့ Laura Castro ဟာ ပုံမှန် ပဲ မွေးဖွား လာပြီး အသက် ၁၀ နှစ်လောက်မှာတော့ ထူးခြားစွာ အဖြူရောင်တွေဖြစ်လာခဲ့တယ် ။ သူမဟာ ကလေး ဆရာဝန်တွေနဲ့ စမ်းသပ်ခဲ့ပြီး မျက်စိအထူးကုတွေနဲ့တခြား expert တွေနဲ့ ပြသခဲ့ပါတယ် ။ ဒါပေမယ့် လည်း ဒီလို ရှားပါးတဲ့အခြေအနေမျိုးကို ဘယ်သူကမှ ရှင်းမပြနိုင်ခဲ့ကြပါဘူး ။
ဆရာတွေက ဒီလိုမျိုးတစ်ခါမှမတွေ့ဖူးဘူးလို့ပြောပါတယ် လို့ ကလေးရဲ့မိခင် divorcee Anabel Castro ကပြောကြား ပါတယ် ။ ကျွန်မသမီးလေးဟာ အမှောင်ထဲမှာလည်းပဲ နေ့ဖက်တွေလို မြင်နိုင်စွမ်းရှိပါတယ် ပြီးတော့ အလုံပိတ်အရာဝထ္ထုတွေကို ဖောက်ထွင်းပြီး မြင်နိုင်စွမ်းလည်းရှိပါတယ် လို့ သူမက ဆိုပါတယ် ။ ဆရာ ၀န်တွေက တော့ သူမဟာ ဓါတုပစ္စည်းသို့မဟုတ် တစ်ခုခု သူမရဲ့ ဦးခေါင်းထဲကို ရိုက်သွင်းမိလို့ ဖြစ်မယ်လို့ ဆိုပါတယ် ။
“ စစ သိချင်းကတော့ သူမ မျက်လုံးတွေက အညိုရောင်တွေပါပဲ နောက်ပိုင်းတဖြည်းဖြည်းဖြူလာပြီး ပိုပို ဆိုးလာ ခဲ့တာပါပဲ ”
သိပ္ပံပညာရှင်တွေက သူမကို X Rays Girl အဖြစ် သတ်မှတ်ခဲ့ကြပြီး သူမဟာ လေးလက်မထူတဲ့ ကွန်ကရစ်တွေ ၊ စတီး တွေ ၊ အုတ်နံရံတွေ နဲ့ သစ်သားတွေ ပလတ်စတ်တွေ နဲ့ တယ်လီဖုန်းစာအုပ်တွေကို ထိုးဖောက် မြင်နိုင်စွမ်းရှိတယ်ဆိုတာ အတည်ပြုခဲ့ကြပါတယ် ။
ပေါက်ကရလုပ်ပြီးလက်ထပ်မယ်
ပေါက်ကရလုပ်ပြီးလက်ထပ်မယ်
သေနတ်တွေပစ်ပြီးအချစ်စမ်းကြမယ် :P
သင့်ရဲ့ လက်ထပ်ပွဲကို ပေါက်ကရတွေ လုပ်ပြီး လက်ထပ်ချင်ပါသလား ။ဒီလို ထူးထူးဆန်းဆန်းအတွေးတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ စုံတွဲတွေကမ္ဘာပေါ်မှာ အများကြီးရှိပါတယ် ။ ကိုယ့်လူတို့မှာလည်း ဆန္ဒရှိရင် လိုက်ပြီးအတုယူလို့ရအောင် တင်ပြပေးလိုက်ပါတယ် ။
စမ်းသပ်နေတာထင်တယ် ခံနိုင်ရည်ရှိမရှိ ။
အရေးထဲဆို ဒီကလေးကလုပ်ပြီ ။
သက်တန့်ချိုဆိုဒ်လေးမှကူးယူဖော်ပြပါတယ်နော်ဗျ..မသိသောဘော်ဒါများအတွက်ပါ