နေစက်ရယ်ငို...လမင်းအံမတုနှိုင်သော
ရစ်စွဲတွယ်ငင်..သြော်နွယ်တစ်ပင်ရယ်
သွေဖယ်ချန်ထား...ထွက်မသွားပါနဲ့ 
သာယာချိုနွှဲ့ ..တေးကမ္ဘာပျောက်ရှ
ဂုဏ်လေပြေတွေဝေ့ဝေ့၀ဲလည်နေ
အိပ်ရေးပျက်ည..ဘယ်ပုံရှိစေအုံးလေ
ငေးမောလွမ်းလျ..လက်မိုင်မချချင်ဘူး
ရင်နှင့် တေးသီ..ချစ်သူသိစေလေ..။။
ကောင်းကင်အတွင်းမက..မိုးစက်ပွင့် ရယ်
ဆွေ့ ဆွေ့ ခုန်ထ...မြူးတူးနေပါစေအုံး
ငါ့ကိုယ်ထည်ထက်..ချစ်သူနွေးစေလေ
သြော်................
နှလုံးလှသော်...ခြေလှမ်းမလှတဲ့ ငါ့ဘဝ
အချစ်မှာ...အယဉ်အမုန်းမထင်စေချင်ဘူး
ရေစက်ရယ်ဆုံဆည်းခွင့်တော့ ရှိပါစေလေ
ပြန်ဆုံချိန်..အချစ်သင်္ခါရတစ်ခုအဖြစ်ပေါ့ 
ပွင့် ဟောင်းမမေ့တဲ့ ရင်ခွင်အတွင်းမှာတော့ 
အိပ်တန်းငှက်လေးကိုမျှော်ကောင်းနေတုန်း
ဘယ်ပုံ..နှစ်တွေရယ်..ပြောင်းစေအုံးတော့ 
ကဗျာမဖြစ်...စာတွေသာဖြစ်နေသောအချိန်အတွင်း
နှလုံးသားဖြင့် စာစီ..ချစ်သူမြင်ပါစေတော့ လေ..။။
1 comment:
အမှတ်တ၇စကားလေးများချန်ခဲ့ပါနော်ဗျ
Post a Comment