ဒီနေ့ မှာပဲမကြည်လင်တဲ့ကောင်းကင်အောက်
ထိုင်နေတဲ့ မျက်ဝန်းရှေ့ ကမ္ဘာတစ်ခု ရောက်လာပြီး
လွပ်လပ်လေညင်းရဲ့သယ်ဆောင်လာတဲ့ မိုးစက်နံ့ တွေထဲ
အဓိပ္ပါယ်အများကြီးနဲ့ ခံစားမှု့ တွေကိုမိုးစက်ကမြင်သာစေပေမဲ့ 
ဖျားချင်ယောင်ဆောင်နေတဲ့ ကျောက်တုံးဆီကငါလာခဲ့ သလား
အတွေးကို တစ်စချင်း ဆွဲထုတ်လိုက်တဲ့ အတွေးဆီကငါလာခဲ့ သလား
မကျဉ်းမကျယ် အခန်းငယ်ရဲ့ ထောင့်လေး တစ်ထောင့်မှာတော့ 
မျှော်နေတဲ့ ဂစ်တာအိုလေးရေ...သံစဉ် ပေးနိုင်ရဲ့လားအဖော်မဲ့တုန်းလား...
အမှောင်တိုက်ရဲ့ထူပိန်းမှုကို ဖြိုချဖို့ မွေးဖွားခဲ့သူ တစ်ယောက်ကတော့ 
ရှင်သန်မှုကို လိမ်ညှစ် ခံရတာထက် မီးထွက်မတတ်
အရာရာဟာမတီးဘဲနဲ့ မြည်လွန်းတယ်..အရပ် လေးမျက်နှာဆီက
သစ်ပင်ပန်းမန်တွေ စိမ်းစို တောက်ပနေတဲ့..ဘိလပ်မြေ၊ ရွှံ့နွံ၊ ချော်ရည်တွေကြားထဲ
ခြံဝင်းကျယ်ကြီး တစ်ခုဆီကနောက်ထပ် ဘယ်တော့မှ မတွေ့ဆုံနိုင်တော့တဲ့
ဓမ္မဓိဋ္ဌာန်ကျမှုတွေဆီကငါလာပါတယ်..လူနည်းနည်းရှင်းတဲ့ဘက် အရှေ့ဆီသို့ ...
အော်...သြော်....ခရီးရဲ့ အစကိုတွေးနေမိပေမဲ့ .....
မနက်ဖြန်ရဲ့အဟာရတွေကိုမှမမြင်ရသေးပေမဲ့ 
မျက်ဝန်းကိုကောင်းကင်မှပြန်အချမှာတွေ့ ခဲ့ရပါတယ်.....
သစ်ရွက်နည်းနေသောသစ်ပင်တွေပေါ်မှာ....
.အမွှေးမျှင်နည်းနေသောငှက်တွေကနားကောင်းနေတုန်း...။။။။
အမေ့သားနေလင်းဖြိုး
1 comment:
အမှတ်တရစကားလေးများချန်ခဲ့ပေးပါနော်ဗျ
Post a Comment