င့ါရဲ့ ကောင်းကင်မှာ ကြယ်တွေငိုနေတယ်
ယုံကြည်အရဲကိုးမိသူကိုမှအလဲထိုးလိုက်လေသလား...
အဆုံးစွန် စွဲချက်တင်ချိန်မှာငါ့အတ္တတွေ ထစ်အမှုန်အမွဲ
ငါ့မာနတွေ ဘုန်းဘုန်းလဲအသဲနှလုံး အတုံးအရုန်းကွဲခဲ့ ပေမဲ့ 
အမုန်းဆုံးမြို့ အလယ်ကလမ်းပေါ်မှာ..ကြေမွ.ကွယ်ပျောက်...
ချစ်သူတစ်ယောက်မသိခဲ့ပါဘူးလေ...၀န်ခံချက်တို့ ရင်ဖွင့် တော့ 
သေခြာပါတယ်..အဲ့ဒီ့ မြို့ ရိုးကိုဝင်မိကတည်းကနာကျင်ခဲ့၇တယ်...။။။
ဟန်းဖုန်းအသစ်တစ်လုံးနဲ့  ဇရာအို အချစ် ခရီးမှာ
ကညာပျိုကိုမလိမ်ခဲ့ ချင်ဘူး...ကိုယ်မပျိုးခဲ့ ပေမဲ့ 
ဘာပဲဖြစ်ဖြစ်..နွေအကူးလေရှုးတွေဝေနေတဲ့
နဂါးခံတွင်းကိုမကြည့်ပဲ..ဒီကဗျာကိုရေးခဲ့မိ တယ်....။။
တစ်လောကလုံးငြိမ်းအေးနေပြီးမှောင်မိုက်နေပေမဲ့ 
ကြယ်မစုံတဲ့ ကောင်းကင်ကြီးအောက်မှာတော့ 
အရောင်ထည်ဝါသောနတ်သမီးလေးကိုမျှော်နေမိတုန်းပဲ...။။။
ကာရံ တအေးအေးနဲ့ သခေါင်နဲ့  ဖောင်ဖွဲ့ ခဲ့မိတဲ့
ပြာရင့်ရောင်စက္ကူပြင်ထက်မှာ..အလွမ်းဟာ
ရွက်ကြွေသံတွေနဲ့  ငိုလို...ချော့သိပ်ခွင့်မရခဲ့ တဲ့ နေ့ 
ပင်လယ်လှိုင်းတွေကိုကြောပိုး..ကမ်းစပ်လေးငိုနေတော့မှာပဲ..
ဘာပဲဖြစ်ဖြစ်..ဒီအကြောင်းလေးတွေကိုတည်ပြီးကာရံ
နှလုံးခုန်သံကျယ်ကျယ်ဖြင့် ..ကဗျာတစ်ပုဒ်ရေးဖွဲ့ ချင်ရဲ့ ကွယ်..။။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment