သစ်ရွက်ကလေးတွေက..လေတိုက်လို့လှုပ်တာမှန်၇င်
လူသားတွေကိုလည်းသက်တန်းစေ့ လို့ စေတမာန်ကလာခေါ်တယ်လို့ 
ကျွန်တော့နယူတန်စာမျက်နှာလေးတွေထဲမှာရေးထားခဲ့ ပါတယ်
ဘ၀ဆိုတာ ရေးပြီးဖျက်ပစ်ရတယ်လို့ မကြာဖူးသေးဘူး
ဘ၀ဆိုတာ ရေးပြီးဖျက်ပစ်ရတဲ့ အမျိုးအစားလားလို့လဲမေးချင်တယ်
တစ်နေ့ အရသာရှိရှိတွေးခေါ်လာနိုင်မဲ့ခွန်အားတွေနဲ့ ပဲ
ငါ့ဘ၀ရဲ့အခက်ခဲတွေကို..ဘယ်လိုကျော်ရမလဲလို့ပဲ
ချွေးစက်တွေသုတ်ရင်းတွေးနေအုံးမယ်..အချိန်တစ်ခုအထိပေါ့ ...
မနက်ဖြန်တွေကြားမှာအမျိုးမျိုးအစားစားရှိကြပေမယ့်
အကြမ်းဖျဉ်းတူတာတွေကလည်းမနည်းဘူးရှိတယ်။
ကုသိုလ်နဲ့ အကုသိုလ်ရှိတွေကဖန်တီးမှု့တစ်မျိးဆီနဲ့ ပေါ့ 
ငရဲပြည်နဲ့ ကောင်းကင်ဘုံတို့၏နေရာကိုသွားနှိုင်ဖို့ထက်
အစွန်းရောက်ဝါဒီတွေ ရှိသလို ဘာသာမဲ့ဝါဒီတွေလည်း ရှိတယ်။
အကောင်းမြင်စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးကို ရှေးရှုတယ်။
ဘယ်သူမှ မရောက်ဖူးတဲ့ အကြွင်းမဲ့ ချုပ်ငြိမ်းရာဒေသများဆီတော့
တစ်ခါတစ်လေအလည်သွားချင်မိတယ်..စိတ်၏အလိုမို့ပါလေ..
ဒါကျွန်တော့နယူတန်လေးတစ်ခုပါပဲ.. နေလင်းဖြိုးရင်တွင်းဖြစ် .စာမျက်နှာလေးများထဲမှ

1 comment:
အမှတ်တရစကားလေးများထားပေးခဲ့ ကြပါနော်ဗျ
Post a Comment