Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds -->

Oct 29, 2011

ပျောက်သွားတဲ့ Gmail အကောင့်ထဲက စာတွေကိုပြန်ယူနည်း

ပျောက်သွားတဲ့ Gmail အကောင့်ထဲက စာတွေကိုပြန်ယူနည်း

တလောက Myanmar IT Resource ထဲဝင်ကြည့်တော့ Member တယောက်က Gmail Account ပျောက်သွားလို့တဲ့ ဘယ်လိုပျောက်သွားမှန်းလည်းသိဘူးလေ..။
သူ့မေးထဲက စာတွေပြန်လိုချင်လို့တဲ့..ဘယ်လိုပျောက်သွားမှန်းလည်းမသိတော့မလွယ်တော့ဘူး...တခါတလေနေရင်ထိုင်ရင်နဲ့ဘာမှမလုပ်တာတောင်ကျွန်တော့် Account ကိုအရင် Password နဲ့ဝင်တာတောင် မရတော့ဘူး..Word  Verify လုပ်လိုက်မှပြန်ရတာ...အဲဒါနဲ့ ကျွန်တော်လည်း Mail ကို Backup လုပ်ကြည့်ပါလားလို့ ပြောလိုက်တယ်..
အခုသတိရလို့ကျွန်တော့် Website မှာတင်ပေးလိုက်တာပါ..Account ပျောက်သွားတဲ့သူတွေ Mail အဟောင်းထဲက စာတွေပြန်ရအောင် လုပ်တဲ့နည်းလေးပါ..
ကျွန်တော်လည်းဘယ်က ဖတ်လိုက်ရတာလည်းမသိတော့ပါဘူး...ကျွန်တော်စမ်းကြည့်တာတော့အစဉ်ပြေတယ်ဗျ...အောက်မှာအဆင့်ဆင့်ပြောထားပါတယ်လုပ်လိုက်ကြပါဦး..

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။

2. Setting ကို သွားပါ။

3. Account and Import tab ထဲကို ဝင်လိုက်ပါ။

4. Add POP3 email account button ကို click ပါ။

5. Gmail အဟောင်း ရဲ့ Address ကို ဖြည့်ပါ။

6. Next Step ကို click ပါ။

7. Gmail အဟောင်းက Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။

8. Add Account ကို click ပါ။

9. Next Step ကို ဆက်သွားပါ။

10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။

11. Send Verification button ကို click ပါ။

12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော      mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။

13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။

မိနစ်ပိုင်းအတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။

No comments:

Post a Comment