အဆင့် (၄)
Choose Template
ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ
ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက် အောက်ခြေမှ Start Posting ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။
အဆင့် (၅)
အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start Posting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။
အထက်ပါပုံတွင် အပြာရောင် ပြထားသော နေရာတွင် သင်ရိုက်လိုသော စာသားများကို ရိုက်ရန် ဖြစ်ပါသည်။ ပြီးလျှင် အောက်ဆုံးမှ အစိမ်းရောင်နှင့် ပြထားသော Publish Post ဆိုသည့် ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။ ထိုအခါ သင့်တွင် ပထမဆုံးပိုစ့် (စာမူတစ်ခု) ဝဘ်ပေါ်သို့ တင်ပြီးသွားပြီ ဖြစ်ကြောင်းကို အောက်ပါအတိုင်း အကြောင်းကြားပါလိမ့်မည်။
ထိုအဆင့် ပြီးဆုံးသွားလျှင် View Blog ဆိုသည်ကို နှိပ်ကြည့်ခြင်းဖြင့် သင်၏ ဘလော့ဂ်ကို အင်တာနက် စာမျက်နှာပေါ်တွင် အောက်ပါကဲ့သို့ တွေ့ရမည် ဖြစ်ပေသည်။
ပထမအဆင့် သာမန်ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း လုပ်ငန်း ပြီး၏။နောက်တွက်
နောက်တစ်မျက်နှာကိုဆက်ငေးကြပေါ့ နော်ဗျ....
No comments:
Post a Comment