Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds -->

Oct 29, 2011

ကိုယ်မထင်ထားတာတွေကိုပြသပေးမဲ့ PhotoShop Software လေးတစ်ခုပါဗျာ

PhotoInstrument
ဒီဆော့ဝဲလေးကတော့ လူမျက်နှာတွေ အသားအရည်တွေ ကိုအဓိကပြင်ပေးတဲ့ Portable လေးပါ။ ဒါ့အပြင် မိမိစိတ်ကြိုက် အရောင်လေးတွေကိုလည်း မျက်နှာတွေမှာ ပေါင်းထည့် ခြယ်သနိုင်လို့ မိတ်ကပ်ဝယ်ရ လိမ်းရသက်သာ စေမယ့်ဆေးတစ်ခွက်ပါ။ အလှအပ စိတ်ဝင်စားတဲ့ သူငယ်ချင်းများ ခံစားနိုင်ပါတယ်။
 


PhotoMatrix
ဒီဆော့ဝဲလေးကတော့ ရူခင်းတွေကို ပေါင်းစပ်ကြည့်နိုင်တဲ့ Portable လေးပါ။ လူနဲ့ရူခင်း တွေကိုပါ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်ပါတယ်။ နေရာနှစ်ခုကို မိမိစိတ်ကြိုက် တစ်နေရာတည်း ဖြစ်အောင် ပေါင်းစပ်ခံစား နိုင်ပါတယ်။ မိမိမရောက်ဖူးတဲ့ နေရာဒေသတွေကို ဗီဇာပတ်စပို့စ် တွေမလိုဘဲ ရောက်အောင်သွားနိုင်တဲ့ ဆော့ဝဲလေးမို့ ကမ္ဘာပတ်မယ်ဆိုရင် ရက်ရှစ်ဆယ်တောင် မကြာဘဲ ရောက်အောင်သွားပြီး အမှတ်တရ ပုံတွေရိုက်နိုင်ပါတယ်။ ခံစားကြည့်ကြပါ။






ဒီဆော့ဝဲလေးကတော့ ပုံထဲမှာပြတဲ့အတိုင်း မိမိလိုချင်တဲ့နေရာလေးကို Highitlight လုပ်ပီး ကျန်တဲ့နေရာလေး ကိုမှိန်မလား၊ လင်းမလား ၀ါးမလား၊ ကြည်မလား။ အရောင်လေးတွေ ပြောင်းမလား၊ အဖြူအမဲလား စသဖြင့် တော်တော်များများ မိမိစိတ်ကူးရှိသလို လုပ်လို့ရပါတယ်။ နောက်ထပ် လုပ်လို့ရတာလေးတွေ သိချင်ရင်တော့ ဒေါင်းသုံးကြည့်ပေးပါ။

No comments:

Post a Comment