Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds -->
Nov 7, 2011
ဝက်ဆိုက်မှာBox များခွဲထုတ်ခြင်း
`Home Page မှာ Box လေးတွေ အများကြီးခွဲထားချင်တယ် ..ဘယ်လိုခွဲရမလဲ´´ ဆိုတာပါပဲ။အောက်က ပုံမှာပြထားသလိုလေးပေါ့ဗျာ။
ဒီမေးခွန်းကို အရှင်ဇာနေယျ(ပုလဲ)ဆီကို မေးလ်ပို့ပြီး ဖြေခဲ့ပြီးပါပြီ။ဒါပေမယ့် ကျနော်ပို့လိုက်တဲ့အချိန်မှာပဲ ဦးဇင်းမေးလ်ကပျက်သွားပြီးဖွင့်မရတော့လို့ ဦးဇင်းအပါအ၀င်
လိုအပ်သူ မိတ်ဆွေများအားလုံးအတွက် ဒီ Post ကိုရေးဖြစ်ပါပြီ။
အရင်ဆုံး ပုံမှာမြင်ရသလို Box လေးတွေသီးသန့်ခွဲဖို့အတွက် ကျနော်တို့ရဲ့ Post တွေမှာ
Tag ရှိရပါမယ်။ အောက်ကပုံမှာမြင်ရသလိုလေးပေါ့။
အဲဒီလို Tag ဖြစ်ဖို့က Post စပြီးတင်တဲ့အချိန်ကတည်းက Tags: ဆိုတဲ့နေရာမှာ ဖြည့်ခဲ့ရပါမယ်။
ဥပမာ...ကျနော်တို့ ကဗျာတစ်ပုဒ်တင်တော့မယ်ဆို Tags: ဆိုတဲ့နေရာမှာ ကဗျာများ၊
ပြီးလို့....Post တင်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Post မှာ Tag ပါနေတာကိုတွေ့ရပါပြီ။
အဲဒိနောက်မှာတော့ ကျနော်တို့ Box လေးတွေကို စိတ်တိုင်းကျခွဲလို့ရပါပြီ။ Box ခွဲဖို့အတွက်ကတော့ ဒီလိုလေး ပြင်ဆင်ပါမယ်ခင်ဗျာ။
(၁) Customize My Site ကိုနှိပ်ပါမယ်။ ဆိုဒ်ရဲ့ အပေါ်ဆုံးမှာအ၀ါရောင် ဘားတစ်ခုပွင့်လာပါမယ်။
(၂)ပွင့်လာတဲ့အ၀ါရောင်ဘားထဲက Add Tagged Content Box ဆိုတာကိုနှိပ်လိုက်ရင်
    အောက်မှာပြထားသလို Box လေးတစ်ခုကျလာပါမယ်။အဲဒီ Boxလေးထဲမှာ မိမိTag ထားခဲ့သမျှတွေ ကိုတွေ့နေရပါမယ်။
(၃)ကဗျာအတွက် box တစ်ခုခွဲမယ်ဆိုရင် တွေ့နေရတဲ့ Your Tags:  နေရာက ကဗျာများ
ဆိုတာကို နှိပ်ပေးလိုက်ပေါ့။ Title နေရာမှာ ရိုက်ချင်တဲ့ခေါင်းစဉ်ရိုက်။ Show: ဆိုတဲ့နေရာမှာ
 10 recent(subject only)ကိုရွေးပေးလိုက်ပေါ့။ပြီးရင် Save လို့ရပါပြီခင်ဗျာ။
အားလုံးပြီးသွားရင်တော့ အပေါ်ဆုံးအ၀ါဘားထဲက Done ကိုနှိပ်ပါ။
အခုအချိန်မှာ ကျနော်တို့ရဲ့ Home Page မှာကဗျာတွေချည်းပဲစုနေတဲ့ Box လေးတစ်ခုအပိုမြင်နေရပါပြီ။ နောက်ထပ်လည်းဒီနည်းအတိုင်းပဲထပ်ထပ်ခွဲလို့ရပါတယ်။
..........................................................
တကယ်လို့ တင်ခဲ့ပြီးသမျှ Post တွေမှာ Tag မပါသေးရင် တစ်ပုဒ်ချင်းကို ပြန်ဖွင့်၊ Edit နှိပ်ပြီးပြန်ပြင်ရပါမယ်။ ပြီးတော့မှ အပေါ်ကအဆင့်တွေအတိုင်းသွားပါမယ်ခင်ဗျာ။
ကိုကြည်နိုင်(ကျုံတိုင်းရွာ)ကိုကျေးဇူးတင်ပါတယ်..
မိတ်ဆွေများလည်းအဆင်ကြပါစေဗျာ
No comments:
Post a Comment